Pages

Pages

စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်


MNP ၊  ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre  ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက   လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ  Talk Show  ဆောင်ရွက်ခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူကုန်ကူးမှု အန္တရာယ်နှင့် ပတ်သက်ပြီး  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ  ဆောင်ရွက်နေသည့် ရည်ရွယ်ချက်များနှင့် Onlineမှတစ်ဆင့် ယခုလို လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဉက္ကဋ္ဌ စာရေးဆရာရှေ့နေ  ဦးဝင်းကြည်က လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးက အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သိမ်းသွင်းစုစောင်းခြင်း သယ်ယူပို့ဆောင်ခြင်း ၊ လွှဲပြောင်းခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ၊ ငှားရမ်းခြင်း ၊  ငှားယူခြင်း၊  ခိုလုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံခြင်းကို ဆိုလိုကြောင်း၊ တိုင်းပြည်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ ပိုမိုလျော့နည်း ပပျောက်ရေးအတွက်  လက်တွေ့ကျကျ အကောင်အထည်ဖော်သွားရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါ၀င်ဆောင်ရွက်သွားဖို့  လိုအပ်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့သည်။


၀င်း၀င်းသန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment