Pages

Pages

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် အထက်တန်းအဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်လှစ်



MNP ၊  ဧပြီ ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိရာ အထက်တန်းအဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။


အဆိုပါသင်တန်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က အဖွင့်အမှာစကား‌ပြောကြားရာတွင် “လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည်လည်း နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အင်္ဂလိပ်စာအခြေခံ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အတွက်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို” ပြောကြားခဲ့သည်။


အဆိုပါ အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းအား ဧပြီလ ၁၉ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ အပတ်စဉ် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)နေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်တန်းသား ၁၅ ဦးဖြင့် ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်း နည်းပြအဖြစ် အခြေခံပညာဦးစီးဌာန၊  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အင်္ဂလိပ် စာဆရာမ ဒေါ်ဆုဝေထွန်း က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment