သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)၌အဆင့်မြင့်(Advanced Excel)ကွန်ပျူတာသင်တန်း(၁/၂၀၂၃)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)၌အဆင့်မြင့်(Advanced Excel)ကွန်ပျူတာသင်တန်း(၁/၂၀၂၃)ဖွင့်လှစ်



MNP ၊  ဧပြီ ၂၂

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Advanced Excel) ကွန်ပျူတာသင်တန်းကို ယနေ့နေ့လယ် ၁၂ နာရီကသံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ( Community Centre)   သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


အဆိုပါကွန်ပျူတာအခြေခံသင်တန်းသို့ သံတွဲမြို့အတွင်းရှိ အဝေးသင်တက္ကသိုလ် တက်ရောက် နေသည့် ကျောင်းသား၊ကျောင်းသူများ ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသား ၊ ကျောင်းသူများ ၊နှင့် ဘွဲ့ရလူငယ်များ ကွန်ပျူတာအခြေခံတတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အဆင်ပြေစေရေးအတွက် တက်ရောက်သင်ကြားလျက်ရှိကြသည်။ ယခုတက်ရောက်နေသည့် သင်တန်း သားများသည် (၁/၂၀၂၃) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်ပြီးသူများအားအဆင့်မြင့် (Advanced Excel) ကိုဆက်လက်သင်ကြားနေခြင်းဖြစ်သည်။


၎င်းသင်တန်းကို ဧပြီ ၂၁  ရက်မှ ဇွန်လ ၄ ရက်နေ့အထိ  အပတ်စဉ် သောကြာ၊ စနေ ၊တနင်္ဂနွေ(  ၃) ရက် ဖွင့်လှစ်ပြီး သင်တန်းသား ၁၅ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်း ဆရာများအဖြစ် ဦးညီနိုင်းထက် က အခမဲ့သင်ကြားပေးလျက်ရှိသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)