ကမ္ဘောဇဘဏ်မှ Core Banking စနစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘောဇဘဏ်မှ Core Banking စနစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်



MNP ၊ ဧပြီ ၆

ကမ္ဘောဇဘဏ်မှ Core Banking စနစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့က အသိပေးချက်ထုတ်ပြန်ထားသည်။

ကမ္ဘောဇဘဏ်၏  Core Banking စနစ် အဆင့်မြှင့်တင်ခြင်းကို အစိုးရရုံးပိတ်ရက်များဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့ သောကြာနေ့ ည ၁၁နာရီ ၄၅ မိနစ်မှ၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်သည် Customer များကို အကောင်းမွန်ဆုံး ဘဏ်ဝန်ဆောင်မှု ပေးအပ်နိုင်ရန်အတွက် တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါကြောင်း၊ Core Banking စနစ် အဆင့်မြှင့်တင်ခြင်းသည် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် Customer များ၏ ဘဏ်ဝန်ဆောင်မှုအသုံးပြုခြင်းအတွေ့အကြုံ တိုးတက်မြင့်မားလာစေရန် အထောက်အကူပြုသွားမည်ဟု ယုံကြည်ထားပါကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ Core Banking စနစ် အဆင့်မြှင့်တင်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်၏ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ (iBanking နှင့် mBanking)၊ Debit နှင့် Credit Card ဝန်ဆောင်မှုများ နှင့် အချို့သော ATM စက်များနှင့် KBZPay ဝန်ဆောင်မှုများကို ယာယီအသုံးပြုနိုင်မည် မဟုတ်ကြောင်း၊ Core banking စနစ် အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများ စာရင်းကို သိရှိနိုင်ရန် ဖော်ပြထားသည်။


ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက ကမ္ဘောဇဘဏ် Customer များကို အချိန်နှင့် တပြေးညီ အသိပေးသွားမည် ဖြစ်ပြီး အထူးသတိပြုရန်မှာ ဘဏ်ဝန်ထမ်းများအနေဖြင့် ယခု Core Banking စနစ် အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်ပြီး Customer များ၏ အချက်အလက်များကို ဆက်သွယ်တောင်းဆိုခြင်း ပြုမည်မဟုတ်ကြောင်းနှင့် မသမာသူများမှ KBZPay OTP တောင်းဆိုခြင်း၊ Password တောင်းဆိုခြင်းနှင့် အခြား ကိုယ်ရေးအချက်အလက် တောင်းဆိုခြင်းများ ရှိလာပါက သတိပြုရှောင်ရှားစေရန် ကြိုတင် အသိပေးထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)