MNP ၊ ဧပြီ ၂၈
အာဏာလက်မဲ့ ဖြစ်သည့်အချိန်မှ စ၍ NLD ဦးဆောင်သူတချို့သည် CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး လွတ်မြောက်နယ်မြေသို့ ထွက်ပြေးသွားခဲ့ကြသည်။ အဆိုပါ CRPH, NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူများသည် ၎င်းတို့၏ သြဇာခံ အကြမ်းဖက်သမားများကို မဟုတ်မမှန် လုပ်ကြံဖန်တီးလှုံ့ဆော်မှုမျိုးစုံ ပြုလုပ်၍ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ကာ အကြမ်းဖက်လှုံ့ဆော်မှုများ၊ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြရာ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
၂၇-၃-၂၀၂၃ ရက်နေ့က မုံရွာမြို့နယ်၊ ကြီးဗဒုံကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား သတင်းပေးမှုများ ဆောင်ရွက်ခဲ့သူ တရားခံ ပြည်စုံအောင်၊ တရားခံ အောင်ပြည့်ဖြိုး(ခ)ပြည့်ဖြိုး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ ဒီပဲယင်းမြို့နယ်၊ ဘုရားထွက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကင်းစောင့်ခြင်း သတင်းပေးခြင်းများ ပြုလုပ်ခဲ့ပြီး ထောက်ပံ့ခြင်းများလည်း ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ တိုက်ထွေး(ခ)ဖိုးကောက် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ရေဦးမြို့နယ်၊ ပင်စိမ်းခင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည်သူများအား သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခဲ့သူ တရားခံ မြင့်ဇော်(ခ)ဘူးသီး အား အကြမ်းဖက်ဥဒေပုဒ်မ ၅၀(ည)၊၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်၊ ရေဦးမြို့နယ်၊ ပင်စိမ်းခင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများအား လုပ်ဆောင်ခဲ့သူ တရားခံ ပေါရံ(ခ)ဖိုးပိန်၊ တရားခံ မိုးမင်း တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ၅၂(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၊ စိုင်းဒူးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများအတွင်းသို့ ဝင်ရောက်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သူ တရားခံ တင်စန်းဦး(ခ)တူးတူးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊ ဂန့်ဂေါမြို့နယ်၊ ရှုးရှီကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အဖွဲအစည်းများအား သိလျှက်နှင့် သက်ဆိုင်ရာသို့ သတင်းပေးပိုရန် ပျက်ကွက်ခဲ့သူ တရားခံ သန်းတိုးအောင်(ခ)ကိုထွေးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ ဦးဆောင်သူများသည် လွတ်မြောက်နယ်မြေ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ၎င်းတို့၏ သြဇာခံ အကြမ်းဖက်သမားများကို ငွေပေးခိုင်းစေ၍ အစိုးရယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၅၀၀ ကျော် အထိ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment