တုံတာမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ကဗျာရွတ်ခြင်းအစီအစဉ် လွှင့်တင်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တုံတာမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ကဗျာရွတ်ခြင်းအစီအစဉ် လွှင့်တင်ဆောင်ရွက်ပေး



MNP ၊  ဧပြီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့တွင် ရုပ်/သံ-၃(အင်အားပြ)ဒေါ်‌‌နာခူကစာဖတ်ပရိတ်သတ်များအတွက်‌ တောင်ရိုးစာ‌ပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထား‌သော “တို့ဖိုးထီး”စာအုပ်ဖြင့် ရိုက်ကူးကာ တုံတာမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တုံတာမြို့ရုံးအနေဖြင့် ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ကဗျာရွတ်ခြင်း၊ ပုံပြင်‌ပြောခြင်းစသည့် အသိပညာပေးအစီအစဉ်များအပြင် စာဖတ်ပရိတ်သတ်များအတွက် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များကိုလည်း ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


အဲန်းမေရီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)