ကာလိမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာလိမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်



MNP ၊  ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ စာဖတ်ပရိသတ်များကို စာပေဖတ်ရှု့လေ့လာစေရန်ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း ငှားရမ်းထားသည့် စာအုပ်များပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည်ငှားရမ်းသည့် စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာငှားသူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်း၊ ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိသည့် သုတ၊ ရသစာအုပ်စာစောင်များ အုပ်ရေ(၄၀)အုပ်ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထင်ထင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)