ထောင်နှင့်ချီသော ချက်ပြည်သူများက NATO ထွက်သွားရန် ချီတက်ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထောင်နှင့်ချီသော ချက်ပြည်သူများက NATO ထွက်သွားရန် ချီတက်ဆန္ဒပြ


MNP ၊ ဧပြီ ၁၇

ယူကရိန်းကို ကူညီခြင်းမှ ရှောင်ကြဉ်ရန်နှင့် အာဏာပိုင်များအနေဖြင့် အိမ်တွင်ရေးကို အာရုံစိုက်ရန် ထောင်နှင့်ချီသော ပရာ့ဂ်၌ စုဝေးခဲ့ကြသည်။

ချက်နိုင်ငံအစိုးရသည် စွမ်းအင်အကျပ်အတည်းနှင့် အိမ်တွင်းငွေကြေးဖောင်းပွမှုကို ကိုင်တွယ်မည့်အစား ယူကရိန်းကို ကူညီရန် အရင်းအမြစ်များစွာကို အလွန်အကျွံသုံးစွဲနေသည်ဟု ပရာ့ဂ်မြို့လယ်တွင် လူထောင်ပေါင်းများစွာက တနင်္ဂနွေနေ့တွင် ဆန္ဒပြခဲ့ကြသည်။ ဝန်ကြီးချုပ် Petr Fiala ရာထူးမှ နုတ်ထွက်ရန် လူအများက တောင်းဆိုနေကြသည်။

'Czechia Against Poverty' ချီတက်ပွဲကို အတိုက်အခံပါတီ ဥပဒေ၊ လေးစားမှု၊ ကျွမ်းကျင်မှု (PRO 2022) မှ ဦးဆောင်ခဲ့သည်။ Wenceslas ရင်ပြင်တွင် ဆန္ဒပြသူများသည် "မုသားအစိုးရ၊ စစ်မဖြစ်ရန် နှင့် နေတိုးမှ ထွက်သွား" ဟူသော စာတန်းများ ကိုင်ဆောင်ထားသည်။

Freedom and Direct Democracy ပါတီမှ ပါလီမန်အမတ် Jaroslav Foldyna က “နိုင်ငံကို မပျက်စီးခင် အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment