NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF နှင့် ပူးပေါင်းအဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၄၆၄၅ ဦးအထိ သေဆုံးခဲ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF နှင့် ပူးပေါင်းအဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၄၆၄၅ ဦးအထိ သေဆုံးခဲ့ရ




MNP ၊ ဧပြီ ၇

NLD ပါတီ အာဏာလက်မဲ့ ဖြစ်သွားချိန်မှ စ၍ NLD ဦးဆောင်သူတချို့ ဖွဲ့စည်းခဲ့သော CRPH, NUG တို့က အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပြီး PDF အကြမ်းဖက်အဖွဲ့ကို ထပ်မံဖွဲ့စည်း၍ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအား လုပ်ကြံ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ ၁-၂-၂၀၂၁ မှ ၁၆-၃-၂၀၂၃ ရက်နေ့အထိ NUG ၏ လက်ဝေခံ PDF နှင့် ပူးပေါင်းအဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၆၄၅ ဦးအထိ သေဆုံးခဲ့ရပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့်အထဲတွင် သံဃာတော် အပါး (၇၀)၊ သီလရှင် (၂)ပါး နှင့် ပညာရေးဝန်ထမ်း ဆရာ/ ဆရာမ (၆၇) ဦး ပါဝင်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများအနေဖြင့် PDF နှင့် ပူးပေါင်းအဖွဲ့များကို အမြစ်ပြတ် ရှင်းလင်းတော့မည်လား စောင့်မျှော်နေကြပြီး ယနေ့တိုင်အောင် အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ ဥပဒေဘောင်အတွင်း နေထိုင်သည့် ပြည်သူများ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ထပ်မံသေဆုံးရမှုများ မဖြစ်ရလေအောင် PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံး ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုကြသည်။

NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများအနေဖြင့် တပ်မတော်ကို တော်လှန်သည်ဟု အသံကောင်း ဟစ်နေသော်လည်း စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်စေရန် ဖောက်ခွဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုများကိုသာ အများဆုံး လုပ်ဆောင်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)