တနင်္သာရီမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ တံတားအမှတ် ၃/၅၀၆ သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ တံတားအမှတ် ၃/၅၀၆ သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


MNP ၊ ဧပြီ ၇

ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူ မြန်ဆန်စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက် ပေးလျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သမားများက လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရား နည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိရာ ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်း မိုင်တိုင်အမှတ် ၅၀၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားရှိ တံတားအမှတ် ၃/၅၀၆ သံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အလျား ၉၀ ပေ၊ အကျယ် ၃၀ ပေခန့်ရှိ အဆိုပါ တံတား၏ ယာဘက်ခြမ်း အကျယ် ၁ ပေခွဲခန့်နှင့် တံတားကြမ်းခင်းအလယ် အရှည် ၂၀ ပေခန့်တို့တွင် ၂ လက်မ ခန့် နိမ့်ကျပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)