ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ ရဟန်းသံဃာအယောင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ ရဟန်းသံဃာအယောင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်


MNP ၊ ဧပြီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြံရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် သင်္ကန်းများ ဝတ်ဆင်၍ ရဟန်းသံဃာအယောင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများက  လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများ က သင်္ကန်းများ ဝတ်ဆင်၍ ရဟန်းသံဃာများ အယောင်ဆောင်ကာ Mazda Titan Truck အမျိုးအစား မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မောင်းနှင်ထွက်ပြေးသွား ခဲ့သည်။

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ သာသနာကို ခုတုံးလုပ်ပြီး မြင့်မြတ်သော ရဟန်းသံဃာများ ဝတ်ဆင်သည့် သင်္ကန်းများကို ဝတ်ဆင်၍ ရဟန်းသံဃာအယောင်ဆောင်ကာ  အောက်တန်းကျသော စိတ်ယုတ် စိတ်ဓာတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)