ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူ အမှတ်စဉ်(၁/၂၂) ဒုတိယနှစ်နှင့် (၃/၂၃)ပထမနှစ်သင်တန်းကြိုဆိုပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူ အမှတ်စဉ်(၁/၂၂) ဒုတိယနှစ်နှင့် (၃/၂၃)ပထမနှစ်သင်တန်းကြိုဆိုပွဲသို့ တက်ရောက်



MNP ၊ မေ ၂

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ (B.Ed) (စာပေးစာယူ) အမှတ်စဉ်(၁/၂၂) ဒုတိယနှစ်နှင့်(၃/၂၃)ပထမနှစ် သင်တန်းကြိုဆိုပွဲကို ယနေ့ နံနက်(၁၀) နာရီက တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။

ကြိုဆိုပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့မှ ပညာရေးဘွဲ့(B.Ed) မရရှိသေးသည့် ဆရာ၊ဆရာမများ၊ ရုံးဝန်ထမ်း များအားလုံးအတွက် ရည်ရွယ်ပြီး ပညာရေးဘွဲ့(စာပေးစာယူ) သင်တန်းအမှတ်စဉ် (၁/၂၂)ဒုတိယနှစ်၊ အမှတ်စဉ် (၃/၂၃)ပထမနှစ်တို့ကို ပညာရေးဒီဂရီကောလိပ် (၂၅)ကျောင်းတွင် ၂၀၂၃ ဧပြီလ(၂၀)ရက်နေ့မှ မေ၂၆)ရက်နေ့ထိ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ပါကြောင်း၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် တွင် တက်ရောက်နေသော ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ သင်တန်းသားများမှာ အမှတ်စဉ်(၁/၂၂)ဒုတိယနှစ် တောင်ကြီးခရိုင်(၉၆)ဦး၊ (တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ နည်းပြ ၁၀ ဦး အပါအဝင်) ကလောခရိုင်(၇၁)ဦး၊ လွိုင်ခရိုင်(၃၂)ဦး၊ နမ့်စန်ခရိုင်(၂၆)ဦး၊ မိုင်းရှူးခရိုင်(၁၈)ဦး၊  လင်းခေးခရိုင်(၁၄)ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅၂)ဦး၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၁၈)ဦး စုစုပေါင်း(၃၂၇)ဦးနှင့် အမှတ်စဉ်(၃/၂၃)ပထမနှစ်တွင် တောင်ကြီးခရိုင်(၁၁၈)ဦး ၊(တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ နည်းပြ ၁ ဦးနှင့် ရုံးဝန်ထမ်း ၈ဦးအပါအဝင်) ကလောခရိုင်(၇၁)ဦး၊ လွိုင်လင်ခရိုင်(၂၃)ဦး၊ နမ့်စန်ခရိုင်(၂၆)ဦး၊ မိုင်းရှူးခရိုင်(၁၆)ဦး၊ လင်းခေးခရိုင်(၂၁)ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၇၈)ဦး၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ(၃၀)ဦး စုစုပေါင်း(၃၈၃)ဦး တက်ရောက်ကြကြောင်းနှင့် နိုင်ငံကို တိုးတက်သည်ထက် တိုးတက်အောင် တည်ဆောက်ပေးနိုင်မည့် နိုင်ငံ့သားကောင်းများအဖြစ် မွေးထုတ်ပေးနိုင်ရေးအတွက် အရည်အသွေး တိုးတက်သည်ထက်တိုးတက်အောင် ကြိုးစားကြရန် ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပညာရေးဘွဲ့ အမှတ်စဉ်(၁/၂၂)ဒုတိယနှစ်၊ သင်တန်းသား၊သင်တန်းသူများမှ ဖျော်ဖြေခြင်း၊ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် (ဝါသနာရှင်-ဒုတိယအဆင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ဂီတအနုပညာဌာန၊ နည်းပြဒေါ်သန္တာထွန်း) မှ အကတီးလုံး အမှတ်စဉ်(၃)ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ပညာရေးဘွဲ့အမှတ်စဉ်(၃/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများမှ ဖျော်ဖြေတင်ဆက်ကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့များက သင်တန်းသားဆရာ၊ သင်တန်းသူ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)