MNP - ဧပြီ ၃၀
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ် အန်ဆယ်လော့တီက အသင်းပြောင်းဖို့ ကောလဟလတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ်တိုက်စစ်နှင့် တောင်ပံကစားသမား မာကို့စ် အဆန်စီယိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး "ကျွန်တော် မာကို့စ် အဆန်စီယိုကို အရမ်းကြိုက်ပါတယ်၊ သူ့လိုကစားသမားမျိုးကို ကလပ်အသင်းတော်တော်များများက လိုချင်တယ်ဆိုတာ သာမန်ပါပဲ၊ ဒါပေမယ့် သူက ရီးယဲလ်မက်ဒရစ်မှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကားလို့စ် အန်ဆယ်လော့တီက “ဟာဇက်လား၊ ငါတို့ စကားအများကြီး မပြောဖြစ်ကြပါဘူး၊ ကစားသမားတွေက ကျွန်တော့်ကို လာပြောခိုင်းတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူတို့ လိုအပ်တာ ဒါမှမဟုတ် လိုချင်ရင် ဒီမှာ ကျွန်တော်ရှိပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment