အိမ်မဲမြို့နယ် ကျားနဖူးကျေးရွာတွင် မိုးစပါးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိုလိုမိုက်နှင့် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် ကျားနဖူးကျေးရွာတွင် မိုးစပါးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိုလိုမိုက်နှင့် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ





MNP ၊ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ခုနှစ်မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိုလိုမိုက်နှင့် ထုံးထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကို ကျားနဖူးကျေးရွာ တောင်သူ ဦးစောဆာဒိုစိုး၏ ကွင်းအမှတ် ၁၁၅ ခ၊ ဦးပိုင် - ၈ တွင် ယမန်နေ့နံနက် ၉ နာရီ၌ ကျင်းပသည်။


အဆိုပါကွင်းသရုပ်ပြပွဲသို့ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ ဝင်များ က ကြည့်ရှုအားပေးခဲ့သည်။


“ယခုလို လယ်ယာမြေမှာ ဒိုလိုမိုက်နှင့် ထုံးထည့်သွင်းတာဟာ မြေချဥ်ဓာတ်များတဲ့ လယ်မြေများမှာ ထည့်သွင်းခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ ထည့်သွင်းခြင်းအားဖြင့် လယ်ယာမြေမှာ မြေဆီလွှာရုပ်ဂုဏ်သတ္တိတိုးခြင်း၊ မြေဆီလွှာရှိ အဏုဇီဝသက်ရှိ များ၏လှုပ်ရှားမှုနှိုးဆွခြင်း၊ မြေမုန့်များ၏ဓာတ်ဖိုဖလှယ်စွမ်းအားတိုးခြင်း၊ အာဟာရဓာတ်ရရှိမှု မြင့်လာစေခြင်း၊ ပဲမြစ်ဖု Bacteria များ၏ စွမ်းအင်တိုးလာခြင်းတို့ ရရှိစေမည်ဖြစ်ကြောင်း “မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦး ပြောကြားချက်အရ သိရသည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)