၂၀၂၃-၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးပိုစတာများကို မြို့နယ်ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ မြေစိုက်ဘုတ်တွင် ကပ်ထားကြောညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးပိုစတာများကို မြို့နယ်ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ မြေစိုက်ဘုတ်တွင် ကပ်ထားကြောညာပေး




MNP ၊ မေ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ အသိ ပညာပေးမြေစိုက်ဘုတ်တွင် ပညာရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်း အမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးဆိုင်ရာ အသိပညာပေး ဗွီနိုင်းပိုစတာများကို ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများ ကြိုတင်သိရှိလေ့လာနိုင်စေရန် မေလ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်က ရုံးဝန်ထမ်းများက ကပ်ထားကြေညာပေးကြသည်။


ထိုသို့ကြေညာပေးရာတွင် ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဆောင်ပုဒ်ပါဗွီနိုင်း၊ (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့အပ်နှံရန်၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) အပ်နှံရန်၊ ကျောင်းအုပ်ဆရာ/ဆရာမများအားလုံးနှင့် အရာထမ်း/အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ မိဘ/အုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သိရှိရန်အချက်များနှင့် အခမဲ့ဖြန့်ဝေပေးမည့် စာရေးကိရိယာများနှင့်ကျောင်းဝတ်စုံများ..စသည့် အကြောင်းအရာများပါရှိသည့် ဗွီနိုင်းပိုစတာများကို မည်သူ မဆိုလာရောက်လေ့လာဖတ်ရှုနိုင်ရန် ကပ်ထားကြေညာထားရှိပေးကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)