ကျောက်ပန်းတောင်းမြို့နယ်၌ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်၌ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချနေရ




MNP ၊ မေ  ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ ကြက်သွန်နီ နုတ်သိမ်းရောင်းချချိန် တစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် လာမည့်နှစ် ဆောင်းကြက်သွန်နီ စိုက်ပျိုးမည့် တောင်သူများ ပြားလာနိုင်ကြောင်း ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ ဆောင်းကြက် သွန်နီ စိုက်ပျိုးတောင်သူ ဦးပိုက်က ပြောကြားသည်။


ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၁၀၉)အုပ် ၊ ကျေးရွာပေါင်း ၃၃၉ ရွာရှိပြီး ဆောင်းကြက်သွန်နီ စိုက်ပျိုးသည့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ဖြစ်သည့်  လက်ပံအိုင့်၊ လဲဂွ၊ ညောင်ဖြူပင်၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ မုန့်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက်၊ ကင်မွန်းခြုံ၊ ကျောက်တံခါး၊ ညောင်ပင်သာ၊ ကိုင်း၊ မြိုင်သာယာ၊ စည်ပင်သာ၊ မကြီးတိုင်း၊ အိုးအိုင်၊ ဖိုကုန်း၊ စန်းပွင့်ကျေးရွာများနှင့် ကျောက်ပန်းတောင်း-နတ်မောက်အစပ် ရေဆုံးကျေးရွာအုပ်စုကျေးရွာများ၊ ပုပ္ပားမြောက်ဘက် ကမ်းဖြူ၊ စိတ္ထိန်းကျေးရွာများသည် ဆောင်းကြက်သွန်နီ အမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများ ဖြစ်ကြကြောင်း သိရသည်။ ဆောင်းကြက်သွန် စိုက်ပျိုးရန် ကြက်သွန် နီပျိုး(မျိုးစေ့)အား သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြပြီး၊ ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်မည့် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း ကြက်သွန်နီ စိုက်ခင်းသို့ ရွေ့ပြောင်းမစိုက်ပျိုးမီ စိုက်ခင်းအား မြေဆီ၊မြေနှစ်များ ဖြစ်သည့် နွားချေး၊ဆိတ်ချေး၊ ငုံးချေး၊ ကြက်ချေး၊ နှမ်းဖတ်၊ ပဲဖတ်တို့အား ကြဲပက်ကာ ထွန်ယက်ထားရကြောင်း၊ အပူဓာတ် ကင်းသည်အထိ ထွန်းယက်ထားရကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန် စိုက်ပျိုးရာတွင် ကုန်းကြက်သွန်း၊ ချောင်းကြက်သွန်နှစ်မျိုးရှိပြီး စိုက်ပျိုးသည့် အချိန်တွင်လည်း အတူတူဖြစ်ကြောင်း၊ ချောင်းကြက်သွန်နီ စိုက်ပျိုးခြင်းက ရေပိုမိုသွင်းခြင်း၊ ဖြန်းပေးခြင်းများ ပိုမိုများပြားကြောင်း၊ ထွန်စက်၊ နွားရှဉ်း၊ မြေဆီ ၊ အလုပ်သမားခများ ပေါင်းလျှင် ဆောင်းကြက်သွန်နီ တစ်ဧက စိုက်ပျိုးစရိတ် (၁၈)သိန်းခန့် ကုန်ကြကြောင်း သိရသည်။ စိုက်ပျိုးပြီး ရက်(၉၀)ကြာလျှင် ရေသွင်း၊ရေဖြန်းရပ်ပြီး နုတ်သိမ်းကြကြောင်း၊ ဧပြီလအတွင်း အပြီးနုတ်သိမ်းကြကြောင်း သိရသည်။ ဆောင်းကြက်သွန်နီများ မေလအတွင်းမှာပင် တစ်ပိဿာ (၂၂၀၀) ကျပ် ဖြစ်နေရာ ဆောင်းကြက်သွန်နီစိုက် ပျိုးတောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ခြင်းကြောင့် ဆောင်းကြက်သွန်နီစိုက် ပျိုးတောင်သူများ တွက်ခြေကိုက်နေကြကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်ပျိုး တောင်သူ ဦးမင်းညိုက ပြောကြား၍ သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)