ပေါက်တောမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ အထူးကုဆေးအဖွဲ့များ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ အထူးကုဆေးအဖွဲ့များ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ





MNP ၊ မေ  ၂၆

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)ဖြတ်သန်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်သေများသို့ အထူးကုဆေးအဖွဲ့များ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။


အဆိုပါ အထူးကုဆေးအဖွဲ့သည် ယမန်နေ့ က ပေါက်တောမြို့နယ်အတွင်းရှိ လက်ပံပြားကျေးရွာ နှင့် မနော်သီရိ ကျေးရွာများသို့သွား ရောက်ပြီးဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြသည်။ ယနေ့တွင် သဲခုံကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးကြသည်။


ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ် ကြက်ခြေနီအသင်းတို့က ပူးပေါင်းကာဒေသခံပြည်သူများ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)