Pages

Pages

ပေါက်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ




MNP ၊ မေ  ၁၀

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက အထက(ပေါက်တော)၌ စိုက်ထူကြသည်။


ကျောင်းအပ်နှံရေးဆိုင်းဘုတ်တွင် "ကျောင်းနေအရွယ် ကလေးများအား လုံးပညာမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့" ဆောင်ပုဒ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေလ (၂၃) ရက်မှ မေလ( ၃၁) ရက်နေ့အထိ ဖြစ်ကြောင်း အသိပေးနှိုးဆော်မှုများ ပါဝင်သည်။


အဆိုပါ ဆိုင်းဘုတ်စိုက်ထူ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မျိုးသန့်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်အားပေးကြောင်းသိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment