Pages

Pages

ပေါက်တောမြို့တွင် မုန်တိုင်းအန္တရာယ် အသိ‌ပေးနှိုးဆော်ချက် လှည့်လည်ကြေညာ





MNP ၊ မေ  ၁၀

ရခိုင်​​ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့ရပ်ကွက် များတွင် ယနေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာကြသည်။


ထိုသို့ လှည့်လည်ကြေညာရာတွင် ဘင်္ဂလားပင်လယ်အော်   ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုင်း ငယ်အဖြစ်ရောက်ရှိကာ လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွှေ့လျားနိုင်သည် အခြေအနေ ရှိပါသဖြင့် မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများ အနေဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော မိုးလေဝသတင်းများ ကြည့်ရှုကြရန် အသိပေးနှိုးဆော်ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment