MNP ၊ မေ ၂၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်း အေးခန်းမ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်နယ်ခန်းမ၌ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်မြို့ရှိ ဧရာဝတီခန်းမ၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုး ခန်းမ၌ လည်းကောင်း အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက အဖွင့် အမှာစကားများ အသီးသီး ပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#MyanmarNationalPost






No comments:
Post a Comment