ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး (၅) ကြိမ်မြောက် တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး (၅) ကြိမ်မြောက် တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ တက်ရောက်



MNP ၊ မေ ၁၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပသည့် (၅)ကြိမ်မြောက် တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade- WCIFIT) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုန်စည်ပြပွဲ၌ ခင်းကျင်းပြသထားသည့် မြန်မာပြခန်းများ အပါအဝင် နိုင်ငံတကာပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။


အဆိုပါပြပွဲကို ပိုမိုကောင်းမွန်သော အနာဂတ်အတွက် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ပြခန်းပေါင်း ၈၂၄ ခန်း ပါဝင်ပြသလျက်ရှိကြောင်းနှင့် ပြပွဲကို မေ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချုံချင့်မြို့ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Li Mingqing တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့တက်ရောက်၍ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)