မြန်အောင်ခရိုင်တွင် ဖွင့်လှစ်သော ပျားဖြင့်ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင်တွင် ဖွင့်လှစ်သော ပျားဖြင့်ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်းဆင်းပွဲကျင်းပ





MNP ၊ မေ  ၂၅

စိုက်ပျိုးရေးဦးစီးဌာနနှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူရေးဌာနခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ပျားဖြင့်ဝတ်မှုန် ကူးခြင်းပညာပေးသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေက ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် ခရိုင်၊  မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးစိုးမြင့်အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


မြန်အောင်ခရိုင်တွင် ကျင်းပပြုလုပ်သော ပျားဖြင့်ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​၊ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး အောင်စိုးတို့က သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး သင်တန်းတွင် ပထမ ဒုတိယ တတိယ ရရှိသောထူးချွန်သင်တန်းသား/သူများကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အခမ်းအနားသို့မြန်အောင်/ကြံခင်း/အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်မြိုနယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ခဲ့ပြီး မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှသင်တန်းသား/သူ (၃၀)ဦးနှင့် တောင်သူ(၁၅)ဦး၊ စိတ်ပါဝင်စားသူ(၁၀)ဦး  တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဗိုလ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment