Pages

Pages

အောက်ဝဲဒေါင့်ကျေးရွာတွင် တည်ထားကိုးကွယ်မည့် ရွှေတိဂုံစေတီပုံစံတူ စေတီတော်မြတ်ကြီး ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနား ကျင်းပ




MNP ၊ မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ဗမော်သုံးခွကျေးရွာအုပ်စုရှိ အောက်ဝဲဒေါင့် အောင်ချမ်းမြေ့ဓမ္မာရုံဝန်းအတွင်း၌ တည်ထားကိုးကွယ်မည့် ရွှေတိဂုံစေတီပုံစံတူ စေတီတော်မြတ်ကြီး ရတနာအုတ်မြစ်စီ မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၈:၂၅) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြောင်းမြမြို့နယ် မဇ္စျိမရောင်ခြည် ကျောင်းတိုက် ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူ၍ တရားတော်မြတ်များ နာကြားပြီးနောက် လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ထို့နောက်   ရွှေတိဂုံစေတီပုံစံတူ စေတီတော်မြတ်ကြီး ရတနာအုတ်မြစ်စီ မင်္ဂလာကို မဇ္စျိမရောင်ခြည်ကျောင်းတိုက်ဆရာတော်မှ ဦးဆောင်၍ အလှူရှင်များ တာဝန်ရှိသူများက ပြုလုပ်၍   အခမ်းအနားကို  ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။


အဆိုပါ အောက်ဝဲဒေါင့်ကျေးရွာတွင် တည်ထားကိုးကွယ်မည့် စေတီတော်မြတ်ကြီးအတွက် လှူဒါန်းလိုသည့် အလှူရှင်များသည် မဇ္ဇျိမရောင်ခြည် ပရဟိတဆရာတော် ဘဒ္ဒန္တပညာနန္ဒနှင့် စေတီတော်ဖြစ်မြောက်ရေးကော်မတီ နာယက ဦးလှဝင်း (၀၉၄၄၇၇၄၁၂၃၀၊ ၀၉၇၈၂၁၃၅၉၆၆) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment