MNP ၊ မေ ၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁ဝး၄၅ နာရီ အချိန်ခန့်က ရောက်ရှိခဲ့ပြီး၊ အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုနှင့် မကြာမီ ဖွင့်လှစ်မည့် သီးသန့်နှစ်ထပ်လူနာဆောင်သစ်အား ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သီးသန့်နှစ်ထပ်လူနာဆောင်၏ မတည်အလှူရှင် ရန်ကုန်မြို့နေ ကျောင်းကုန်းမြို့နယ် အသင်း အတွင်းရေးမှူး ဦးကြည်လွင်+ ဒေါ်သီသီဆန်းTun Myat Thu International Co.ltd. မိသားစုနှင့်အလှူရှင်များ စုပေါင်းလှူ ဒါန်းထားကာ သိန်းပေါင်(၈၀၀၀)ခန့်ကုန်ကျခဲ့ ပြီး၊ မေလ တတိယပတ်ထဲတွင် ဖွင့်ပွဲကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒေါ်သန်းတင် ခန်းမဆောင်၌ ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းသို့ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment