Pages

Pages

ရသေ့တောင်မြို့အောင်‌မြေဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်၌ကိန်းဝပ်စံပါယ်လျက်ရှိသောဗုဒ္ဓစွယ်တော်မြတ်နှင့်သရီရကဓါတ်တော်များအားပူဇော်ပွဲမဂ်လာအခမ်းအနားကျင်းပ






MNP ၊ မေ ၁

   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်သာသနာသက္ကရာဇ် ၂၅၆၆ခု၊‌ ကောဇာသက္ကရာဇ် ၁၃၈၅ ခု၊ကဆုန်းလဆန်း(၁၃)ရက် ခရစ်နှစ် ၂၀၂၃ ၊မေ(၁)ရက်တနလ်ာနေ့၌ ရသေ့တောင်မြို့‌ အောင်‌‌ မြေ‌ ဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်၌ကိန်းဝပ်စံပါယ်လျက်ရှိသောဗုဒ္ဓစွယ်တော်မြတ်နှင့်သရီရကဓါတ်တော်များအားအများပြည်သူများပူဇော်ဖူးမျော်နိုင်ရန် ဂန္ဓကုဋီတိုက်တော်အားဖွင့်လှစ်ပြီးစွယ်တော်မြတ်နှင့်သရီရကဓာတ်တော်များပင့်ဆောင်ပူဇော်ခြင်းမဂ်လာအခမ်းအနားကို ယနေ့ နံနက်(၈:၄၅)နာရီအချိန်က‌ အောင်မြေဗောဓိဓမ္မရိပ်သာအလို‌‌တော်ပြည့်‌ ကျောင်းတိုက်အတွင်း၌ပြုလုပ်ကျင်းပခဲ့သည်။


   အဆိုပါအခမ်းအနားကို အစီအစဥ်အရမြတ်ဗုဒ္ဓ၏စွယ်‌တော်နှင့်သရီရကဓာတ်‌ တော်များအားဆရာ‌တော်အရှင်သူမြတ်များကဗုဒ္ဓါဘိ‌သေကအ‌နေကဇာတင်လှူပူ‌ဇော်ကြသည်၊အစီအစဉ်အတိုင်း ဆရာတော်အရှင်သူများက ဂါထာတော်များဖြင့်ရွတ်ဖတ်ပူဇော်ကြဆက်လက်ပြီး‌ပြည်တွင်းပြည်ကမ္ဘာ့သာသနာပြု‌ ကျေးဇူးတော်ရှင်အလိုတော်ပြည့်ဆရာတော်ဘုရားကြီးထံမှ ကြွရောက်လာသည့်ဧည့်ပရိတ်သတ်များကငါးပါသီလခံယူဆောက်တည်ကြပြီးအလိုတော်ပြည့်ဆရာတော်ဘုရားကြီးမှ အနုမောဒနာတရား‌တော်မြတ်ကိုဟောကြားချီးမြှင့်ပြီးအခမ်းအနားကိုဗုဒ္ဓသာသနံ စီရံတိဌာတု(၃)ကြိမ်ရွတ်ဆိုဆု‌ တောင်ကာ အခမ်းအနားကိုနံနက်(၁၀:၄၅)အချိန်တွင်အောင်မြင်စွာရုတ်သိမ်းခဲ့သည်။ပွဲ‌တော်ကို(၃)ရက်ကျင်းပမည်ဖြစ်ရာညနေပိုင်များတွင်အနုပညာများ၏စင်တင်တေးဂီတများဖြင့်၎င်း၊ဝတ်ရွတ်အသင်းအဖွဲ့များကနံနက်ပိုင်(၁)ကြိမ်၊ညနေပိုင်း(၂)ကြိမ်ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်းသိရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment