MNP ၊ မေ ၂၉
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး နိုင်ရန် တပ်မတော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ် (ပြည်တော်အေး-၂)သည် ဝန်ကြီးဌာနများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် ဆန် ၆,၇၅၃ အိတ်၊ ခေါက်ဆွဲခြောက် ၁၀ ပုံး၊ တာယာကွင်း ၂၀ စုံ၊ ဘတ်ထရီ ၁၄ လုံး၊ မိုးကာထုပ် ၂၃ ထုပ်၊ အဝတ်အထည်အထုပ်ကြီး ၄၁ ထုပ်၊ သံသေတ္တာ၊ မိုးကာနှင့် ကုန်ပစ္စည်းမျိုးစုံ ၂၄ အိတ်၊ Portable Engine with pump ၃ စုံ၊ ဟင်းသီးဟင်းရွက် ၂၀ အိတ်၊ ခရမ်းချဉ်သီး ၅ သေတ္တာ၊ ဂျက်ဖာ ၈ ထုပ်၊ သံချောင်း ၁၂၄ စည်း၊ ၁၀၆ ချောင်း၊ သံခွေ ၁၉ ခွေ သွပ်ဆူးကြိုး ၃၄ ခွေ၊ ကား ၂ စီး၊ မီးစက်၊ သွပ်သံ ၃ ဖာ၊ သွပ် ၄၂၄ ချပ်၊ အခြေခံလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ၊ ဘိလပ်မြေ ၁၅၀ အိတ်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ Toyota Hilux ၁ စီး၊ Hijet ၁ စီး၊ စည်သွပ်ဘူး ၂၉ ဖာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သွပ် ၂၀၂ ချပ်၊ ခေါင်အုပ် ၃ လိပ်၊ သွပ်သံ ၆ ပိဿာ၊ ဝါယာ ၁၂ ထုပ်၊ စုစုပေါင်း ကုန်တန်ချိန် ၆၇၂ တန်တို့အား ရန်ကုန်မြို့ ဗိုလ်အောင်ကျော်တံတား၌ တင်ဆောင်၍ ယနေ့ နံနက်ပိုင်းတွင် စစ်တွေ မြို့သို့ ထွက်ခွာခဲ့သည်။
ထို့နောက် ၂၉ မီတာကမ်းထိုးရေယာဉ်ပထမအစီးသည် သွပ် ၈၀၀၀ ချပ်၊ တာပေါ်လင် ၇၀ လိပ်၊ သွားတိုက်တံ ၂၃၀၀ ခု၊ သွားတိုက်ဆေး (၂၅ ဂရမ်) ၆၀၀၀ ဘူး၊ သွားတိုက်ဆေး(၇၅ ဂရမ်) ၆၀၀၀ ဘူး၊ ၂၀ လီတာရေသန်းဘူးအခွံ ၄၅ လုံး၊ သွပ်သံ ၅၀ ဖာ၊ ခေါက်ဆွဲခြောက် ၂၀ ဖာ၊ ဝေဖာ ၂၀ ဖာ၊ ငါးသေတ္တာ ၅ ဖာ၊ ဘီစကစ် ၅ ဖာ၊ ကြက်ဥ ၂၀၀၀ လုံး၊ စုစုပေါင်းကုန်တန်ချိန် ၅၄ တန်တို့အား စစ်တွေ ကမ်းထိုးရပ်၌ တင်ဆောင်၍ မြောက်ဦးကမ်းထိုးရပ်သို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ဒုတိယအစီးသည် ဘူးသီးတောင်နယ်မြေအတွက် တာပေါ်လင် (၄×၆၀)မီတာ ၃၀ ခု၊ တာပေါ်လင် ၅၀ လိပ်၊ သွားတိုက်တံ ၂၃၀၀ ချောင်း၊ သွား တိုက်ဆေး(၂၅ဂရမ်)၂၁၆၀ ဘူး၊ သွားတိုက်ဆေး(၇၅ဂရမ်)၂၁၀၀ ဘူး၊ အဝတ်အထည် အထုပ်ကြီး ၆ ထုပ်၊ ကြက်ဥ ၇၆၀ ကဒ်၊ မောင်တောနယ်မြေအတွက် တာပေါ်လင် (၄၆၀)မီတာ ၂၄ ခု၊ တာပေါ်လင် ၅၀ လိပ်၊ အဝတ်အထည်အထုတ်ကြီး ၆ ထုပ်၊ ရသေ့တောင်နယ်မြေအတွက် အိမ်သာခွက် ၆၀ စုံ၊ ရေပုံးအကြီး ၈၉ ပုံး၊ ရေပုံးအသေး ၁၈၆ ပုံး၊ သံ ၄ ဖာ၊ ကြက်ဥကဒ် ၁၅၀ ကဒ်၊ ငါးခြောက် ၁၀ ပိဿာ၊ အမယ်စုံ ၆ ဖာ စုစုပေါင်းကုန်တန်ချိန် ၁၂ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်သို့ လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်တတိယအစီးသည် သစ်တန်ချိန် ၂၇ တန်တို့အား စစ်တွေကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်သို့ လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် စတုတ္ထအစီးသည် ဒီဇယ်ဆီ ၂၀ လုံး၊ သွပ်သံ ၁၁၆ ဖာ၊ တာပေါ်လင် ၄၄ လိပ်၊ မိုးကာတဲ ၂၀ ခု၊ ခေါက်ဆွဲခြောက်ဖာကြီး ၄၀ ဖာ၊ လူသုံးကုန်ပစ္စည်း ၇၅ ထုတ်၊ ကြက်ဥ ၂၈ ကဒ်၊ အဝတ်အထည်အထုပ်ကြီး ၂၄ ထုပ်၊ ရေတုံကင် ၁၅ ခု စုစုပေါင်း ကုန်တန်ချိန် ၃၅ တန်ခန့်တို့အား စစ်တွေ ကမ်းထိုးရပ်၌ တင်ဆောင်၍ မြောက်ဦးသို့လည်းကောင်း ယနေ့မွန်းလွဲပိုင်းတွင် အသီးသီး ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိ သူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment