အုတ်ဖိုမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံငွေပေးအပ်





MNP ၊ မေ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၁၄) အုပ်စု၊ ကျေးရွာ (၁၉) ရွာမှ ပြိုလဲနေအိမ် (၁)လုံးနှင့် အမိုးလန်နေအိမ် (၂၁)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးရန်ပိုင်ဖြိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုလဲနေအိမ် (၁)လုံးနှင့် အမိုးလန်နေအိမ် (၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၂၂)စုရှိလူဦးရေ (၇၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၉၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၂၉၁၀၀) ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးအတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ နှစ်ယောက်အိပ်ခြင်ထောင်၊ ဒန်အိုးအပါအဝင်စသည့်ပစ္စည်း (၁၇)မျိုး တို့အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အောင်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment