ဗီယက်နမ်ကားထုတ်လုပ်ရေးက တရုတ်မိတ်ဖက်နှင့်အတူ ပထမဆုံး မီနီလျှပ်စစ်ကား မိတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယက်နမ်ကားထုတ်လုပ်ရေးက တရုတ်မိတ်ဖက်နှင့်အတူ ပထမဆုံး မီနီလျှပ်စစ်ကား မိတ်ဆက်



ဟနွိုင်း၊ မေ ၂၅ 

ပထမဆုံး မီနီလျှပ်စစ်ကားဖြစ်သော Wuling HongGuang MINI EV ကို ဗီယက်နမ် မော်တော်ကားထုတ်လုပ်သူ TMT Motors က မေ ၂၅ ရက်၌ ထုတ်ဖော်မိတ်ဆက်ခဲ့ကြောင်း ယင်းကုမ္ပဏီ၏ အွန်လိုင်းထုတ်ပြန်ချက်အရ သိရသည်။ 

“အပြင်ပန်းသွင်ပြင်အနေနဲ့ မက်မွန်သီးပန်းရောင်နဲ့ အဖြူရောင် ပေါင်းစပ်ထားတဲ့ ခေါင်မိုးပါဝင်တဲ့ ပထမဆုံး Wuling HongGuang MINI EV ဟာ အသေးစိတ်အချက်အလက်တွေ စေ့စေ့စပ်စပ်ထည့်သွင်းထားပါတယ်” ဟု TMT Motors က ဆိုသည်။ 

အဆိုပါ မီနီလျှပ်စစ်ကားကို မြို့တော် ဟနွိုင်းမှ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာ၊ ဟွမ်ယန်ပြည်နယ်ရှိ TMT Motors ၏ ရှိပြီးသားစက်ရုံများ၌ တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယင်းစက်ရုံတွင် နှစ်စဉ် မော်တော်ယာဉ် အစီးရေ ၃၀,၀၀၀ ထုတ်လုပ်လျက်ရှိပြီး နှစ်စဉ် ကားအစီးရေ ၆၀,၀၀၀ အထိ နှစ်ဆထုတ်လုပ်နိုင်ရန်စီစဉ်ထားကြောင်း ဗီယက်နမ်မော်တော်ကားထုတ်လုပ်သူက ဖြည့်စွက်ပြောခဲ့သည်။ 

အဆိုပါ လျှပ်စစ်ကားသည် တရုတ်မော်တော်ကားထုတ်လုပ်သူ SAIC Motor ၊ Guangxi Automobile Group နှင့် အမေရိကန်မော်တော်ကားလုပ်ငန်း General Motors တို့၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော SAIC-GM-Wuling Automobile ၏ လုပ်ငန်းခွဲတစ်ခုလည်း ဖြစ်သည်။ 

တံခါးနှစ်ပေါက်နှင့် လေးယောက်စီး မီနီလျှပ်စစ်ကားကို ဗီယက်နမ်နိုင်ငံတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီနီလျှပ်စစ်ကားသည် အရွယ်အစားအားဖြင့် သေးငယ်သော်ငြားလည်း ဗီယက်နမ်ရှိ အသုံးပြုသူများ  နေ့စဉ်အသင့်အတင့်ခရီးသွားစဉ် မောင်းနှင်လိုသူများနှင့် ငွေကြေးသက်သာလိုသူများအတွက်  ခရီးသွားလာမှုလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသဖြင့် အဓိကလက်တွေ့ ဝယ်ယူမှုများပြားနေဆဲဖြစ်ကြောင်း TMT Motors ၏ ထုတ်ပြန်ချက်အရ သိရသည်။


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)