မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများတင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စီး ရန်ကုန်မြို့သို့ထပ်မံရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများတင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စီး ရန်ကုန်မြို့သို့ထပ်မံရောက်ရှိ




MNP ၊ မေ ၁၉

ရခိုင်ကမ်းရိုးတန်းဒေသသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ် ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ မုန်တိုင်းဒဏ် သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စား သောက်ဖွယ်ရာများတင်ဆောင်လာသော အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Gharial သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ MITT တံတားသို့ ထပ်မံဆိုက်ရောက်လာကြောင်း သိရသည်။ အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Gharial အား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူး နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် အိန္ဒိယရေတပ်၏ စစ်ရေယာဉ် INS Gharial မှ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial ဖြင့်ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လာရောက်ပို့ဆောင်သော ရန်ကုန်မြို့တွင် ယမန်နေ့က ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)