MNP - မေ ၂၈
တော့တင်ဟမ်ဟော့စပါးအသင်းဟာ အရည်အချင်းရှိတဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ကယ်လ်လန် အိုလီစီကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မှာ ဖြစ်ပြီး ပရော်ဖက်ရှင်စာချုပ်ချုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်ပရီးမီးယားလိပ်ရဲ့ ကလပ်အသင်းများစွာက အိုလီစီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် စပါးအသင်းနှင့် အိုလီစီတို့ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိ ၃နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အသက် ၁၆နှစ်အရွယ် နိုင်ဂျီးလ်ရီးယားသားဟာ လွန်ခဲ့တဲ့သော နာရီပိုင်းအတွင်း အသေးစိတ်အချက်အလက်အားလုံး အပြီးသတ်ခဲ့ပြီး ၃နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment