MNP ၊ မေ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်းအပျက်အစီးများခဲ့ရာပဲခူးတိုင်းဒေသကြီးမီးသတ်တပ်မှဖွဲ့ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များမှလမ်းအလိုက် သစ်ပင် သစ်ခတ်များခုတ်လှဲဖယ်ရှားခြင်း များဖြင့်ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ကျန်ရှိခဲ့သည့်အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့်ဖယ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက တောင်ရင်းတန်းရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင်သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။
ရသေ့တောင်မြို့၌ မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းပြီးထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ရာနှုန်းထိခိုက်ပျက်စီးခဲ့ရာ အမှိုက်သရိုက်များအားမြို့နယ်စည်ပင်မှနေ့စဉ်လိုက်လံသိမ်းဆည်းခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment