စီးပွားရေးရာဝန်ကြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးသည့် အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီးပွားရေးရာဝန်ကြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးသည့် အခမ်းအနား တက်ရောက်




MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မော်လမြိုင်ခရိုင်ဘဏ်ခွဲ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ခရိုင်ဘဏ်ခွဲ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘဏ်အတွင်းရေးမှူးများနှင့် တောင်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီးနိုင်လယိတမက မြန်မာနိုင်ငံသည်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ၏ ၇၀% ကျော်သည်   ကျေးလက်နေတောင်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို တစ်ဘက်တစ်လမ်းမှအထောက်အကူပြုရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ၁၉၅၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး တောင်သူများလိုအပ်သော စိုက်ပျိုးစရိတ်အရင်းအနှီးများကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးဘဏ်သည် ယခုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ပြောင်းလဲခဲ့သည့် ခေတ်အဆက်ဆက်မှ တောင်သူများအတွက် လိုအပ်သောစိုက်ပျိုးစရိတ် ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးရာသီအမီတောင်သူလက်ဝယ်ရရှိရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မွန်ပြည်နယ်အတွင်း ၂၀၂၃ မိုးချေးငွေထုတ်ချေးရန် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် စိုက်ပျိုးဧက(၂၀၃၀၂၆)ဧက၊ ချေးငွေပမာဏ ကျပ်(၃၀.၄၅၃)ဘီလီယံလျာထားပြီး မော်လမြိုင်မြို့နယ်အတွက် မိုးစပါးစိုက်ပျိုးဧက (၆၀၀၀) ၊ ကျပ်သိန်း(၉ဝဝဝ) ထုတ်ချေးရန်လျာထားပါကြောင်း၊ ယခင်နှစ် ၂၀၂၂ မိုးချေးငွေထုတ်ချေးခဲ့ရာမှာ မိုးစပါး(၅၃၈၅)ဧကအတွက် ကျပ်သိန်း(၈၀၇၇.၅၀) ထုတ်ချေးခဲ့ပြီး မြို့နယ်တစ်ခုလုံးချေးငွေများကို တာဝန်ကျေပွန်စွာ ပြန်လည်ပေးဆပ်ပေးပြီးဖြစ်ကြောင်း၊  ထို့အတူ ၂၀၂၃ ဆောင်းချေးငွေအတွက် ပြည်နယ်အတွင်း စပါး(၁၁၄၅၈)ဧက၊ အခြားသီးနှံ(၁၆၉၅၆) စုစုပေါင်း(၂၈၄၁၅)ဧကအတွက် ချေးငွေကျပ်သန်း (၃၄၁၄.၃၀)လျာထားပြီး မော်လမြိုင်မြို့နယ်အတွက် စပါး(၅၃)ဧက၊ အခြားသီးနှံ(၁၀၀၀)၊ စုစုပေါင်း(၁၀၅၃)ဧကအတွက် ချေးငွေကျပ်သိန်း (၁ဝ၇၉,၅၀)လျာထားထုတ်ချေးပေးသွားမှာဖြစ်၍ တောင်သူများအနေဖြင့် ရရှိ​သော ချေးငွေများကို မိမိတို့လယ်ယာလုပ်ငန်းခွင်မှာအကျိုးရှိစွာအသုံးပြုပြီး သီးနှံပေါ်ချိန်မှာ ချေးငွေများကို အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် အတိုးနှုန်း၊ ဒဏ်တိုးများကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေမှာဖြစ်ပြီး ရရှိသောချေးငွေများကို စိုက်ပျိုးရေးအရင်းအနှီးအတွက် အကျိုးရှိစွာအသုံးပြု၍ မိမိတို့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။


ထို့နောက် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်မန်နေဂျာမှ ချေးငွေကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


မော်လမြိုင်မြို့နယ်တွင် ကျေးရွာအုပ်စု(၂၃)အုပ်စုရှိရာ ယနေ့တွင်ကြာအင်းကျေးရွာအုပ်စုမှ တောင်သူ(၁၅)ဦးအား တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် (၈၁)ဧကကို ၁၂၁ သိန်း ၅ သောင်း ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)