ပုသိမ်မြို့ရှိ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်မြို့ရှိ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကျင်းပပြုလုပ်


MNP ၊ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး  ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီးအရုဏ်ခံတန်ဆောင်း အတွင်း၌ ပြုလုပ်ရာ ပုသိမ်မြို့ရှိ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူ ပြီး တိုင်းဒေကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ဦးစွာ ဩဝါဒါစရိယ ဆရာတော်ကြီး(၉)ပါးတို့က တံခွန်ကုက္ကား၊ မုလေးပွားများ ဆက်ကပ်ပြီး ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်လှူပူဇော်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းဒေ သကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိဂြောဓာရုံ ညောင်ပင် သာပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ (၉)ပါးသီလခံယူဆောက်တည်ကာ သံဃာ တော်များ ရွတ်ပွားချီးမြင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပုသိမ်မြို့ရှိ မရမ်းချိုပရိယတ္တိစာသင်တိုက်ဆရာတော် ဧရာဝတီတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သောဘိတ ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ သံဃာတော်(၂၃၁၁)ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်းလောင်းလှူခဲ့ကြကြောင်း သတင်း ရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)