နေပြည်တော်၊ မေ - ၃၀
ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ မဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော် က ရခိုင်ပြည်နယ် လေဘေးသင့် ပြည်သူများအတွက် အိမ်အမိုးသွပ် ၁၀၀၀၀ ချပ်ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
သီတဂူဆရာတော်ကြီးအနေဖြင့် ရခိုင်ပြည်နယ်မှ လေဘေးဒဏ်သင့်ပြည်သူများအတွက် ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းထောက်ပံ့ခဲ့ပြီး ယခုအခါ အိမ်အမိုးသွပ် အချပ် ၁၀၀၀၀ ထပ်မံလှူဒါန်းခြင်းဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment