ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်






MNP ၊ မေ  ၂၆

‌မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့‌ နေ့လယ်က ဝါရီရူခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးထင်လင်း‌အောင် က မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများကိုသက်ဆိုင်ရာဌာနများကဝိုင်းဝန်းကူဆောင်ရွက်ပေးပါရန်၊မိုးရာသီရောက်ရှိလာသည့်အတွက်အမှိုက်များကိုစနစ်တကျစွန့်ပစ်ကြဖို့ တာဝန်ရှိသူများကကြီးကြပ်ပေးကြပါရန်၊စားသောက်ဆိုင်များကိုလည်း သတ်မှတ်စည်းကမ်းချက်နှင့်အညီ  ဖွင့်လှစ်ထားရှိရန်၊သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်နေရာများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက ကြိုတင်သတိပေးဆောင်ရွက်ကြရန်အမှာစကားပြေကြားသည်။


ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦး က ကျေးရွာအလိုက် စိုက်ဘဏ်ချေးငွေများကို ကျေသည့်အထိ ဆပ်နိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးကြပါရန်၊လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွင် ကူညီတောင်းခံနိုင်ပါကြောင်းအမှာစကားပြောကြားသည်။


ဆက်လက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများက မိမိဌာနနှင့်သက်ဆိုင်သည့်  အ‌ကြောင်းအရာများ၊လိုအပ်သည့်လုပ်ငန်းတာဝန်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပြီ  အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)