သာယာဝတီမြို့တွင် ခရိုင်/မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု ညောင်ရေသွန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် ခရိုင်/မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု ညောင်ရေသွန်းပွဲ ကျင်းပ





MNP ၊ မေ ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက  ၁၃၈၅ ခုနှစ်(ကဆုန်လပြည့်)နေ့ နံနက် ၈ နာရီက ညောင်ရေသွန်းပွဲတော် ကျင်းပခဲ့သည်။


ညောင်ရေသွန်းလောင်းရာတွင် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဟိုနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မင်္ဂလာအုတ်ကျောင်းတိုက်အတွင်းရှိ ဗောဓိရွှေညောင်ပင်၊ လောကမာရ်အောင်ဘုရားအတွင်းရှိ ဗောဓိရွှေညောင်ပင်၊ ဖားကူးကျောင်းတိုက်အတွင်းရှိ ဗောဓိရွှေညောင်ပင်တို့အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ ဆီမီးကပ်လှူခြင်းနှင့် ညောင်ရေသွန်းလောင်းခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သန့်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)