မက်မန်းမြိုနယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအတွင်း ထောပတ်ပင်များ စိုက်ပျိုးနိုင်ရေး မြေနေရာ ပြင်ဆင်ထားရှိမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြိုနယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအတွင်း ထောပတ်ပင်များ စိုက်ပျိုးနိုင်ရေး မြေနေရာ ပြင်ဆင်ထားရှိမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်




MNP ၊ မေ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအတွင်း နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးနိုင်ရေးအတွက် ထောပတ်စိုက်ပျိုးဧက (၈)ဧက စိုက်ပျိုး နိုင်ရေးအတွက် မြေနေရာ ပြင်ဆင်ထားမှုကို မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


မက်မန်းမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို ယခင်က မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု များသာဆောင်ရွက်နိုင်ခဲ့ခြင်းရှိခဲ့၍ ဒေသထွက် သီးနှံစိုက်ပျိုးများမရှိခဲ့သဖြင့် အသီးအနှံများကို ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့များမှ မှာယူ၍ စားသုံးရခြင်းများကြောင့် ဒေသထွက်သီးနှံများ ပိုမိုစိုက်ပျိုးလာစေရေးအတွက် စံပြနှစ်ရှည်သီးနှံပင်များ စိုက်ပျိုးနိုင်ရေး ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ  မက်မန်းမြို့နယ် အေးကျန့်အုပ်စု၊ ကွန်ဟောင်းကျေးရွာမှ တောင်သူဦးယောနပိုင်သော မြေနေရာနှင့် ရပ်ကွက်(၁)မှ တောင်သူ ဦးမြင့်ထွန်းပိုင်သောမြေနေရာ (၈)ဧကတို့တွင် စံပြထောပတ်ခြံများကို ၂၀၂၃ ခုနှစ် မိုးရာသီအတွင်း အပြီး စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။


ထို့ပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် စိုက်ပျိုးရေးတောင်သူများစိုက်ပျိုးမည့် မြေနေရာပြုပြင်မှု၊ စိုက်ပျိုးနိင်မှုအနေအထားနှင့် စိုက်ပျိုးရန်အတွက် ပျိုးပင်များ ရယူနိုင်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စောဥမ္မာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)