ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ






MNP ၊ မေ  ၂၃

မွန်ပြည်နယ် သထုံခရိုင်၊ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်   အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို  မေလ၂၁   ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇နာရီ မှ   နေ့လယ် ၂ နာရီထိ  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။


အငြိမ်းစားဝန်ထမ်းများ၏အငြိမ်းစား  လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်မိမိတို့အဆင်ပြေသည့်နေ့တွင်လာရောက်ထုတ်ယူနိုင်ကြောင်း၊ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအားအလှည့်ကျစနစ်ဖြင့်အသက်အရွယ်ကြီးရင့်သူများအခက်အခဲမရှိစေရေး စနစ်တကျဆောင်ရွက်ပေးထားကြောင်းကို ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)