MNP ၊ မေ ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်းအပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်မှဖွဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှလမ်းအလိုက်သစ်ပင်၊သစ်ခတ်များခုတ်လှဲဖယ်ရှားခြင်းများဖြင့်ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့်အမှိုက်
သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့်ဖယ်ရှားဆောင်ရွက်ခဲ့ကြရာ ယနေ့နံနက်ပိုင်းက မြို့မစျေးလမ်းရှေ့တစ်လျှောက် အမှိုက်သရိုက်များအား စည်ပင်ဝန်ထမ်းများ၊ရပ်ကွက်နေပြည်သူများမှစည်ပင်အမှိုက်သိမ်းကားပေါ် သို့ဝိုင်းဝန်တင်ဆောင်ခဲ့ကြသည်။
ရသေ့တောင်မြို့၌ မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းပြီးထိခိုက်ပျက်စီးမှုများခဲ့သဖြင့်တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရာထိခိုက်ပျက်စီးသည့်အမှိုက်သရိုက်များအားမြို့နယ်စည်ပင်ဝန်ထမ်းများမှနေ့စဥ်လိုက်လံသိမ်း
ဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment