စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင်ထွဋ် တောင်သူများ နှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင်ထွဋ် တောင်သူများ နှင့် တွေ့ဆုံ


MNP ၊ မေ ၈

စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင်ထွဋ်သည် ပုဗ္ဗသီရိမြို့နယ်၊  ဘဲကုန်းအုပ်စု ပင်လောင်းလမ်းမကြီး တောင်ဘက်ကွင်းအမှတ် (၁၆၂၃ က) အတွင်း၌ နေကြာမျိုး စေ့ (၇) မျိုးစမ်းသပ်စိုက်ပျိုးထားသည့် နေကြာစိုက်ခင်း ဖြစ်ထွန်းမှုတို့အား လေ့လာနိုင်ရေး တပ်ကုန်းမြို့နယ်မှ တောင်သူများကို ဖိတ်ကြား၍ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာ တင်ထွဋ်၊နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ နေပြည်တော် တိုင်းစက်မှု့ လယ်ယာဦးစီးဋ္ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ခင်၊ နေပြည်တော် ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟန် ဝင်းထူး၊ ဥတ္တရခရိုင်၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးမင်း ခိုင်ဝင်း၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တပ်ကုန်းမြို့နယ်မှတောင်သူ ၁၁၀ ဦးတက်ရောက်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာတင်ထွဋ်က တပ် ကုန်းမြို့နယ် တောင်သူများနှင့်တွေ့ဆုံ၍ နေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးမှုနှင့် မြေသြဇာကျွေးမွေးမှုစနစ်တို့အား အကျယ်တဝံ့ရှင်းလင်းခဲ့ပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခင်မောင် သန်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွန်ချက်နှင့်အညီ  နေကြာစိုက်ခင်းများ ဝတ်မှုံကူးနိုင်ရန် အတွက် တစ်ပုံးလျှင်ပျားကောင်ရေ ၃၅၀၀၀ ပါသော ပျားပုံးနှစ်ပုံး ထားရှိမှုတို့အားရှင်းလင်း ပြော ကြားခဲ့သည်။ ထို့နောက်တောင်သူများမှ စိုက်ပျိုး ဖြစ်ထွန်းနေသော နေကြာစိုက်ခင်းများအား ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။


သန္တာလင်း(ပုဗ္ဗသီရိ)

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)