ရမ်းဗြဲမြို့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ








MNP ၊ မေ  ၂၈

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့(၂၀၂၃-၂၀၂၄)ပညာသင်နှစ် မြို့နယ်အဆင့်  ကျောင်းအပ်နှံ  ရေးနေ့  အခမ်းအနားကို  ယနေ့နံနက် (၉)နာရီအချိန်ကအခြေခံပညာအထက်တန်းကျောင်း  မဟာပညာကျော်ခန်းမ၌  ကျင်းပပြုလုပ်ကြသည်။      

      

 ရှေ့ဦးစွာ  အခမ်းအနားကို   အခြေခံပညာအထက(၁)ကျောင်းသား/သူများမှ     မြန်မာ့ကျောင်းသီချင်းဖြင့်  သီဆိုဖွင့်လှစ်ကြသည်။ ဆက်လက်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းက အဖွင့်အမှာ စကားပြောကြားရာတွင်   ကျောင်းနေအရွယ်  ကလေးများအားလုံး    ပညာသင်ယူခွင့်  ရရှိရေးအတွက် ကျောင်းအပ်နှံရန်   ကျောင်းသားမိဘများနှင့်  ရပ်မိရပ်ဖများကဝိုင်းဝန်း   ဆောင်ရွက်ပေးစေလိုကြောင်း  ပြောကြားပြီး  မြို့နယ်ပညာရေးမူး  ဦးဦးလှမြင့်က  ကျောင်းအပ်နှံရေးနေ့  ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


 ထို့နောက်  ဗိုလ်မူးချုပ်ဇော်မင်းအေးနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်း၊  ဗိုလ်မူးအောင်နိုင်ဦး၊ မြို့နယ်ပညာရေးမှုးတို့က ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူ များအား ကျောင်းသုံးပြဌာန်းစာအုပ်များ ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ကြသည် ။ 


အဆိုပါ   အခမ်းအနားသို့   ဗိုလ်မူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများ ၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ/ဆရာမများ ၊  ကျောင်းသား/ကျောင်းသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။             


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)