Pages

Pages

ပုဗ္ဗသီရိ​မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး



MNP ၊ မေ  ၁၉

ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပုဗ္ဗသီရိမြို့နယ် ကုတင် ၅၀ ဆေးရုံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်သန်းလှိုင်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန္ဒာမင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများက  ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။


ပုဗ္ဗသီရိ​မြို့နယ်အတွင်းရှိ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရွာတော်ကျေးရွာအုပ်စုအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအ ကြိမ်မြောက်ထိုးနှံရမည့် ကျေးလက်နေပြည်သူ ၂၀၀ ဦးကို ထိုးနှံပေး​ပြီးဖြစ်ကြောင်း သိရသည်။


လှိုင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment