Pages

Pages

ထီးချိုင့်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာ ပေး နံရံ ကပ်စာစောင်ပြသ

 




MNP ၊ မေ  ၁၉

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ပြသခဲ့ပါသည်။


အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းအရာပါ နံရံကပ်စာစောင်တွင် ပလတ်စတစ်ကပေးသည့် အန္တရာယ်များ၊ တစ်ခါသုံးပလတ်စတစ်များကို လျော့ချနိုင် မည့် နည်းလမ်းများ၊ ပလတ်စတစ်ဘယ်ကရသလဲ၊ ပလတ်စတစ်ကို ဘယ်သူ စတင်တီ ထွင်ခဲ့တာလဲ၊ အပင်များကိုသဘာဝနည်းဖြင့်ပြုစု ပျိုးထောင်နည်း၊ မြေကြီးထဲတွင် ကျေပျက် လွယ်သည့် ပစ္စည်းများကို သုံးစွဲခြင်း၊ သစ်ပင်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းစသည့် အကြောင်းအရာပါ ပန်းချီကာတွန်းပို စတာနံရံ ကပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်နှင့်ဝန်ထမ်းများမှပြသရာ တက်ရောက်လာသည့် လူငယ်များမှ စိတ်ပါဝင် စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။


ရဲလင်းထွန်း

 https://t.me/MyanmarNationalPost










No comments:

Post a Comment