ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်


MNP ၊ မေ ၁၉

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စင်း သည် အမျိုးသားသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ကော်မတီမှ World bank မိုးကာလိတ် ၆၀ လိတ်၊ World bank (5.5m×6m) မိုးကာစ ၅၀ ခု၊ World bank မိုးကာတဲ ၉ လုံး၊ စင်ကာပူ မိုးကာတဲ ၃၀ လုံး၊ ကျားဝတ်လုံချည် ၁၀၀၀ ထည်၊ မဝတ်လုံချည် ၁၀၀၀ ထည်၊ တီရှပ် ၂၀၀၀ ထည်၊ စောင် ၁၀၀၀  ထည်၊ တဘက် ၁၀၀၀ ထည်၊ ခြင်ထောင် ၁၀၀၀ ထည်၊ ဆပ်ပြာ ၁၀၀၀ တောင့်၊ ကလေး(ကျား) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ကလေး(မ) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီ ၂၀ လုံး၊ ဓာတ်ဆီ  ၅ လုံး စုစုပေါင်း ၁၀ တန်တို့အား ရေချမ်းပြင်ချောင်းဝအနီးမှ တင်ဆောင်ပြီး ထွက်ခွာလာခဲ့ရာ ရသေ့ တောင်သို့ မေ ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။

အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ရေသန့်စက်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၈ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၇.၅ တန်တို့အား လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသယ်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၇ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၅ တန်တို့အား လည်းကောင်း စစ်တွေမြို့၌ တင်ဆောင်ထွက်ခွာလာပြီး ရေချမ်းပြင်မှတစ်ဆင့် ရသေ့တောင်သို့ မေ ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကာ မုန်တိုင်းသင့် ပြည်သူများထံသို့ အမြန်ဆုံး ဆက်လက် ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။    


#MyanmarNationalPost

No comments:

Post a Comment