MNP ၊ မေ ၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့ ၌၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) တွင် မဟာဗောဓိရွှေညောင်ပင်အား ပရိဘော ဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင် နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကိုအမှတ် (၉၁၉) စစ်မြေ ပြင်အင်ဂျင်နီယာ တပ်ရင်းမှကြီးမှူး၍ ဗောဓိညောင်ပင်တွင် ဗုဒ္ဓဘိသေကအနေ ကဇာတင်ခြင်း ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများ ပြုလုပ်ကျင်းပ ခဲ့သည်။
ကဆုန်ညောင်ရေသွန်းပွဲတော်သို့အ မှတ် (၉၁၉) စစ်မြေ ပြင်အင်ဂျင်နီယာ တပ်ရင်းမှတာဝန်ရှိသူများ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိ ခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ အမ်းမြို့ပေါ်ရှိကျောင်းတိုက်များ မှဆရာတော်ရှစ်ပါးအားပင့်ဖိတ်၍ ငါးပါးသီ လခံယူဆောက်တည်ကာ ဆရာ တော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရား ဒေသနာတော်အားရွတ်ပွားပြီး၊ လှူဒါန်းမှုအစုစုတို့ကို ရေ စက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထိုနောက် တက်ရောက်လာကြသူတို့က ဖွား၊ ပွင့်၊ ဟောစံ၊ ဗျာဒိတ်ခံ စံဝင်နိဗ္ဗာန်နန်းဆိုသည့်အတိုင်း မဟာဗောဓိရွှေ ညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်အားရည်စူး၍ အမွှေးနံ့သာ ရည်တို့ဖြင့်ကဆုန် ညောင် ရေများ သွန်း လောင်းပူဇော်ကာကုသိုလ်ယူခဲ့ကြကာစတုဒီသာဧည့်ခံကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment