Pages

Pages

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ စားသုံးသူရေးရာဝန်ကြီးဌာန၊ ပြည်သူ့စားနပ်ရိက္ခာဖြန့်ဖြူးရေးနှင့် အထည်အလိပ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တည်ခင်းဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်






MNP ၊ မေ ၂၃

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ စားသုံးသူရေးရာဝန်ကြီးဌာန၊ ပြည်သူ့စားနပ်ရိက္ခာဖြန့်ဖြူးရေးနှင့်အထည်အလိပ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး H.E. Shri Piyush Goyal  မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်၊   ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ တပ်ဂျ်မဟာဟိုတယ်၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ညစာစားပွဲအခမ်းအနားသို့ အာရှဒေသတွင်း ၁၅ နိုင်ငံတို့မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်း ချိတ်ဆက်မှုများမှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment