Pages

Pages

သထုံမြို့နယ်တွင် ကျောင်းများစတင်အပ်နှံနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး







MNP ၊ မေ  ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ယနေ့ နံနက်က စတင်နေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံလျက်ရှိပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။


သထုံမြို့နယ်အတွင်း လာရောက်ကျောင်းအပ်နှံကြသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။


သထုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အထက ၁၃ ကျောင်း၊  အထက(ခွဲ) ၇ ကျောင်း၊ အလက ၈ ကျောင်း၊ အလက(ခွဲ) ၆ ကျောင်း၊ မူလွန် ၃၂ ကျောင်း၊ မူလတန်း ၁၀၅ ကျောင်း၊ မူလတန်း(ခွဲ) ၁ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၇၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်က ကျောင်းသားကျောင်းသူပေါင်း ၃၄၂၆၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost








No comments:

Post a Comment