ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများ အကြမ်းဖက်အန္တရာယ်ကို ညီညီညွတ်ညွတ် ကာကွယ်ကြရန် ဆရာတော်ဦးဝါသဝ သွားရောက်တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများ အကြမ်းဖက်အန္တရာယ်ကို ညီညီညွတ်ညွတ် ကာကွယ်ကြရန် ဆရာတော်ဦးဝါသဝ သွားရောက်တွေ့ဆုံဆွေးနွေး






MNP ၊ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွားသားများထံ ဆရာတော် ဦးဝါသဝ နှင့်အဖွဲ့က သွားရောက်တွေ့ဆုံ၍ KIA/PDF အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု အခြေအနေများကို ဆွေးနွေးပြောဆိုပြီး ညီညီညွတ်ညွတ်ကာကွယ်ကြရန် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆရာတော် ဦးဝါသဝ က "အစောပိုင်းကတည်းက ကံပေါက်မှာ ပြည်သူ့စစ်ဖွဲ့ပေးနိုင်ခဲ့ပါတယ်။ အကြမ်းဖက်အန္တရာယ်ကာကွယ်နိုင်ဖို့လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီရွာတွေက KIA/PDF လှုပ်ရှားနယ်မြေနဲ့ နီးစပ်နေတဲ့အခါကြတော့ ပိုပြီး စိုးရိမ်ရတယ်။ တခြားက ပြည်သူ့စစ်တွေကိုလည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးထားတာ ရှိပါတယ်။ ပြည်သူ့စစ်အင်အား ထပ်တိုးဖို့နဲ့ လိုအပ်တာလေးတွေကို ကူညီဆောင်ရွက်ပေးဖို့ သွားရင် ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဆွေးနွေးပြောဆိုခဲ့တာပဲ ရှိပါတယ်" ဟု ဆရာတော်က မိန့်ကြားသည်။

ဆရာတော်ဦးဝါသဝ အနေဖြင့် KIA/PDF အကြမ်းဖက်သမားများက ပစ်မှတ်ထား၍ မိုင်းစွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များတွင် ပြည်သူ့စစ်များဖွဲ့စည်း၍ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်နိုင်ရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည်။ ထိုသို့ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး ကျေးရွာများသို့ လှည့်လည်သွားလာရင်း PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း (၃)ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရသော်လည်း ဒေသခံ ပြည်သူများ အကြမ်းဖက်အန္တရာယ် ကင်းဝေးစေရေးကို ရှေးရှု၍ အရှိန်အဟုန်မပျက် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)