MNP ၊ မေ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်း(မိုခါ)မုန်တိုင်း တိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရဟိုင်ကူးတို့ကျေးရွာရှိ စာသင်ကျောင်းတွင် အမိုးများ ပျက်စီးခဲ့သဖြင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက သွပ်(၁၅၉)ချပ်နှင့် သွပ်သံ(၇)ပိဿာနှင့် ၅၀ကျပ်သားကို ယနေ့ညနေ၄နာရီ အချိန်တွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် သွားရောက် ပေးအပ်ခဲ့ကြသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော သွပ် (၇' x ၃') (၁၀)ချပ်နှင့် သွပ်သံ(၅၀)ကျပ်သားကို မြို့မရပ်ကွက်၊ ဓမ္မမာလာဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ သွပ် (၇' x ၃') (၂၀)ချပ်နှင့် သွပ်သံ(၁)ပိဿာကို မြို့မရပ်ကွက်၊ မင်းဓမ္မဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊သွပ် (၇' x ၃') (၁၂၉)ချပ်နှင့် သွပ်သံ(၆)ပိဿာကို ရဟိုင်ကူးတို့ကျေးရွာ၊ အ.ထ.ကကျောင်းသို့လည်းကောင်း ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment