ဟင်္သာတမြို့နယ်အတွင်း၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်အတွင်း၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP ၊ မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် ဟင်္သာတမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် ဟင်္သာတမြို့၊ တက္ကသိုလ်လမ်းရှိ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းသို့လည်းကောင်း၊ ပြည်တော်သာလမ်းရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသို့ လည်းကောင်းမြို့ပေါ်ရပ်ကွက် မူလွန်ကျောင်းများသို့ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုအခြေအနေများ၊ ဆရာ/ဆရာမများ ကျောင်းအပ်လက်ခံနေမှု အခြေအနေများ၊ စာရေးကိရိယာများ၊ သင်ကြားရေးဖတ်စာအုပ်များနှင့် ကျောင်းဝတ်စုံများထောက်ပံ့ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့​သည်။


အဆိုပါ ကွင်းဆင်းရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့်တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှုးဦးတိုးဝင်းနှင့် မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ သက်ဆိုင်ရာနယ်မြေကျောင်းအုပ်ကြီးများက လိုက်ပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)